

ဓမ္မပညာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်း ဖွင့်ပွဲ
ရန်ကုန်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ် မှ ဦးစီးသော ဓမ္မပညာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်း ဖွင့်ပွဲအခန်းအနားကို ဂျွန်လ ၁ ရက်နေ့ နံနက် ၈:၃၀ က အဆိုပါ ကျောင်း၌ မစား္ဆတရား တော်မြတ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မစား္ဆတရား တော်မြတ်ကို ကာဒီနယ်ချားစ်ဘို မှ ဦးဆောင် တင်ပူဇော်ခဲ့ပါတယ်။ မစား္ဆတရား အပြီး၌ပြုလုပ်သော အခန်းအနားတွင်
ဘရ်သာများမှသီးချင်းသီဆိုခြင်း၊ ကျောင်းအုပ်ဘုန်းတော်ကြီး Rev. Fr. အောင်ဝင်း မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကာဒီနယ်ချားစ်ဘို မှ အားပေးစကားပြောကြားခြင်း၊ ဓမ္မပညာရပ်ဆိုင်ရာဒီပလိုမာသင်တန်း ၌ သင်ကြားပို့ချမည့်စာချရဟန်းတော်များမှ ဘာသာရပ်အလိုက်မိတ်ဆက်ခြင်းနှင့် ပါဝင်တက်ရောက်ကြမည့်သူများမှ တစ်ဦးချင်းမိတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။
Inauguration - Diploma in Theological Studies
For Catholic Laity & Religious
St. Joseph's Catholic Major Seminary
Yangon, Myanmar
2021-01-18 01:20:10